"ကျွန်တော့် အမျိုးသမီးဦးဆောင်သော ချယ်ရီ FM ရေဒီယို စတေရှင်အား
ယနေ့မှစပြီး မိမိဆန္ဒအလျောက် ခေတ္တရပ်နား လိုကြောင်း စာတင်ရန် ညွှန်ကြားလာ။
ကျွန်တော်တို့ စာတင်သွားမည် မဟုတ်ပါ။
ဥပဒေကြောင်းအရ အရေးယူမည်ဆိုလျှင် ဥပဒေကြောင်း အရသာ လျှင်ဆောင်ရွက်နိုင်ပါမည်။ ရှမ်းပြည်နယ်က စတင်ရာ ချယ်ရီပန်းရဲ့ ရနံ့ အလှ ကိုတင်စားတဲ့ ပန်း (၆) နှစ်မြှောက် မွေးနေ့မှာပဲ
မင်္ဂလာမရှိတဲ့ စာရေး ခဲ့ ရတဲ့ အတွက် ကျနော်တို့ လုပ်ဖော်ကိုင်ဖက် များ အား လုံး ကို တောင်းပန် ပါ တယ်။ ပရိတ်သတ်များကိုလဲ တောင်းပန်ပါတယ်။ ကြော်ငြာရှင်တွေကို လဲတောင်းပန်ပါတယ်။
ကျနော့်ကို ခွင့်လွှတ်ပေးပါ။ ဥပဒေအရ စစ်ဆေးဆောင်ရွက်ခြင်းကိုသာ လိုလားပါ၍ ခေတ္တရပ်ဆိုင်းစာ တင်သွင်းခြင်းများ လုပ်ဆောင်သွားမည် မဟုတ်ပါကြောင်း တင်ပြပါသည်။ ချယ်ရီသူ ချယ်ရီသား များ စိတ်လက်ကြည်သာ ကြ ပါစေ။" ဟူ၍ ဦးတိုးနိုင်မန်း၏ Facebook စာမျက်နှာဖြစ်သော မန်းငမန်း တွင် ယနေ့ (သြဂုတ် ၁၅)၌ ဖေါ်ပြထားသည်။
ဦးတိုးနိင်မန်းသည် မကြာမီ ရက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဋ္ဌ အဖြစ်မှ ဖယ်ရှားခံထားရသော သူရဦးရွှေမန်း၏ သားတစ်ဦးဖြစ်သည်။
By Eleven Media Group

No comments:
Post a Comment