Sunday, September 6, 2015

"နိုင်ငံရေးကို ကြောင်တောင်နှိုက် စကားလုံးတွေမသုံးစမ်းပါနဲ့ " (messenger ဂျာနယ်ပါ ရွှေည၀ါဆရာတော်နှင့် တွေ့ ဆုံလျှောက်ထားခြင်း )



ဦးသိန်းစိန်နဲ့ ဦးရွှေမန်း ကို မဲပေးရမယ် ၊ ဒေါ်အောင်ဆန်းစုကြည် ကို မဲပေးမိရင် ကုလားနိုင်ငံဖြစ်သွားမယ် ၊ ကုလားပါတီဖြစ်သွားမယ် ၊ ကုလားလွှတ်တော်ဖြစ်သွားမယ် ၊ ဒီလို ဗုဒ္ဓဘာသာသည်းခြေကြိုက် စကားလုံးတွေ ၊ ဖက်ခွက်စား စကားလုံးတွေကို မသုံးစမ်းပါနဲ့ ကွာ ၊ ဒါနိုင်ငံရေးကို ဘုန်းကြီးတွေဖြစ်ပြီးတော့ ဘုရားသားတော်တွေဖြစ်ပြီးတော့ နိုင်ငံရေးကို ကြောင်တောင်နိုက်စကားလုံးတွေ မသုံးစမ်းပါနဲ့ ၊ အဲ့ဒါမျိုးကျ ငါကြည့်မရဘူး ၊ နားထဲလည်း မ၀င်ဘူးကွ ။

 ဒါမျိုးမလုပ်ပါနဲ့  ငါတို့ ထိန်းကျောင်းရမှာ ဘုရားနည်းအတိုင်း ထိန်းကျောင်းရမှာ ။ နောင်တက်လာမယ့်အစိုးရ ၂၀၁၅ ဘယ်သူနိုင်နိုင် ၊ ဘယ်သူတက်တက် တက်တဲ့အစိုးရ ဟုတ်ရင်ဟုတ် မဟုတ်ရင် ထောက်ပြမယ် ၊ ဒါ ငါတို့ လုပ်သင့်တယ် ၊ မြတ်စွာဘုရားလည်း လုပ်ခဲ့တယ်နော် ။

 ဇေတ၀န်ကျောင်းအနီး တိတ္ထိတက္ကတွန်းတွေကို ကောသလမင်းကြီးက လာဒ်တစ်သိန်းစားပြီးတော့ ဇေတ၀န်ကျောင်းနဲ့ အနီးဆုံးမှာ မြေကွက်တွေ ပေးပစ်တာ ၊ အဲ့ဒီလိုပေးပြီး ဆူညံပွက်လောရိုက်တဲ့အခါကျတော့ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာတို့ ရှင်မောဂ္ဂလန်တို့ ရှင်အာနန္ဒာတို့ ကို ကောသလမင်းကြီးဆီ စေလွှတ်တယ် ၊ လွှတ်တဲ့အခါ ဟိုကတွေ့ ခွင့်မပေးဘူး ၊ သူမဟုတ်တာ လုပ်ထားပြီလေ ၊ မဟုတ်တာ လုပ်ထားတာကို မြတ်စွာဘုရားက လက်ဝဲတော်ရံ လက်ယာတော်ရံကြီးတွေ လွှတ်ပြီးပြောခိုင်းတယ် ၊ မင်း မဟုတ်တာ မလုပ်ပါနဲ့ ၊ မင်း ဘာသာရေးကို ရောထွေးယှက်တင် မလုပ်ပါနဲ့ ။

 ပြောလည်းပြောပြီး ရော မရတော့ မြတ်စွာဘုရားကိုယ်တော်တိုင် ကြွသွားတာ ၊ ကိုယ်တိုင်ကြွပြီး ဟောတော့မှ ကောသလမင်းကြီး အဲ့ဒီတိတ္ထိတက်ကတွန်းတွေကို မြတ်စွာဘုရားရဲ့ ဇေတ၀န်ကျောင်းတော်နဲ့ ဝေးရာကို မောင်းထုတ်လိုက်တာ ။ ဒါ ဘာလည်းဆိုတော့ နိုင်ငံရေးနဲ့ ဘာသာရေးကို ခုတုံးလုပ်ပြီး အသုံးမချပါနဲ့ ၊ အဲ့ဒါဆို ဘုရားကိုယ်တိုင် မနေဘူး ။ ဒါ အပွင့်လင်းဆုံးပြောတာ ၊ ငါနဲ့ ဘယ်ဘုန်းကြီးဖြစ်ဖြစ် ဆွေးနွေးလို့ ရတယ် ၊ ငါဥာဏ်ရည်မမှီလို့ ဆွေးနွေးနိုင်တဲ့ ဥာဏ်ရည်မရှိဘူးဆို ထိုင်ဦးချပြီး အရှုံးပေးသွားမယ် ၊ မဟုတ်က ဟုတ်ကတော့ လာမလုပ်စမ်းနဲ့ ။

 (messenger ဂျာနယ်ပါ ရွှေည၀ါဆရာတော်နှင့် တွေ့ ဆုံလျှောက်ထားခြင်း )

Credit: Aung Aung Kyaw's facebook page 

No comments:

Post a Comment