Wednesday, August 26, 2015
*ခေတ်*
********ခေတ်********
===================
အကျဉ်းထောင် တွေက
အာဇာနည်သမိုင်းပြတိုက်တွေဖြစ်။
အရက်ဆိုင် တွေက
လူငယ် Center တွေဖြစ်။
တရားရုံးက
ပွဲစားတန်းဖြစ်။
လယ်ကွင်းတွေက
စစ်ရေးပြကွင်းတွေဖြစ်။
ရဲစခန်းက
အလှူခံမဏ္ဏပ်ဖြစ်။
အစိုးရအဖွဲ့က
လူရွှင် တော်တွေဖြစ်။
ဘာသာရေးခေါင်းဆောင် တွေက
စစ်ဆင် ရေးခေါင်းဆောင် တွေဖြစ်။
တက္ကသိုလ်တွေက
ကျက်ကသိုလ်တွေဖြစ်။
အက်ကျူကေးရှင်းက
ကျက်ကျူကေးရှင်းဖြစ်။
လူတွေက
ပို့ကုန်တွေဖြစ်။
ဆေးရုံတွေက
ဆင်းရဲသားပ ပျောက်ရေးဇုံတွေဖြစ်။
အသုဘအိမ်က
လောင်းကစားရုံတွေဖြစ်။
ကွမ်းယာဆိုင် က
ဆေးခန်း ဖြစ်။
စစ်တပ်က
အစိုးရ မွေးမြူရေးစခန်းဖြစ်။
သြော် ခေတ် ခေတ်
ဖြစ်ချင် ရာ ဖြစ် တဲ့ ခေတ်။
သေနတ်က
အရူးလက်ထဲရောက်နေသလို
တိုင်းပြည်အခြေအနေ အရပ်ရပ်အတွက်
မလွှဲသာမရှောင်သာအာဏာသိမ်းလိုက်ရသည်။
Byး ဝေယံအောင်(ဓာတု)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment