အာ့တ၀ါ ၊ ၂၆-၈-၂၀၁၅
ကနေဒါနိုင်ငံ ကွီဘက်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော လေယာဉ် ပျက်ကျမှု၌ လေယာဉ်
ပေါ်တွင် လိုက်ပါသွားသူ အားလုံး သေဆုံးခဲ့ သည်ဟု လေကြောင်း တာဝန်ရှိသူ
များ၏ သြဂုတ် ၂၄ ရက် ပြောကြားချက် အရ သိရသည်။
ှSaguenay Air လေကြောင်းလိုင်း မှ Beaver အမျိုးအစား လေယာဉ်သည် သြဂုတ် ၂၃
ရက်က စိန့်လောရင့် ပင်လယ်ကွေ့ ရှိ တာဒူဆက် ကမ်းရိုးတန်းမှ ပျံတက်ခဲ့
ပြီးနောက် မကြာမီတွင် သစ်တော ထူထပ်သည့် ဒေသတစ်ခု အတွင်း ပျက်ကျခဲ့ခြင်း
ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ထားသည်။
လေယာဉ် ပျက်ကျမှုကြောင့် လေယာဉ်မှူး အပါအဝင် ပြင်သစ် နိုင်ငံသား တစ်ဦးနှင့်
ဗြိတိန် နိုင်ငံသား လေးဦး သေဆုံးခဲ့ပြီး ပြင်သစ် နိုင်ငံသားသည် ကနေဒါ
နိုင်ငံရှိ အဒေါ်နှင့် ဦးလေးတို့၏ နေအိမ်သို့ အလည် သွားရာမှ ယခုကဲ့သို့
သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပြင်သစ် ကောင်စစ်ဝန် က ပြောကြားသည်။
သို့သော် အခြား သေဆုံးခဲ့သည့် ဗြိတိန် နိုင်ငံသား များသည် မည်သူမည်ဝါ
ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆက်လက် စုံစမ်းလျက်
ရှိကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com
No comments:
Post a Comment