Tuesday, August 25, 2015

ရွေးကောက်ပွဲ ၀င်နိုင်ရန် ပြည်နယ်ဝန်ကြီးချုပ် ၂ ဦးကို အနားပေး


ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းတို့ နှစ်ဦးအား သြဂုတ် ၂၅ ရက် နေ့စွဲဖြင့် တာဝန်မှ အငြိမ်းစားယူခွင့် ပြုလိုက်ကြောင်း သမ္မတ ဦးသိန်းစိန်၏ အမိန့် ကြေညာချက် နှစ်စောင်ကို သြဂုတ် ၂၆ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။ 

အဆိုပါ ပြည်ထောင်စု ၀န်ကြီး နှစ်ဦးသည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် ယခုကဲ့သို့ အငြိမ်းစားယူခွင့် ပြုလိုက်ခြင်း ဖြစ်ပါသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းသည် ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော် အမ်းမဲဆန္ဒနယ် အမှတ်(၁) မှ ၀င်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားပြီး ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းသည် ပဲခူးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် က၀မဲဆန္ဒနယ်မှ ၀င်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားပါသည်။

By
MOI Webportal Myanmar

No comments:

Post a Comment