ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSAမှ တပ်သားတချို့ကိုတွေ့ရစဉ်။ Photo: RFA
အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးမယ်လို့
မကြာသေးမီက ကြေညာထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ အစိုးရ
တပ်ဖွဲ့တွေ မနေ့က တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး အစိုးရ တပ်ဘက်က
ရွာသား ၇ ဦး ကို ဖမ်းဆီးသွားတယ်လို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့
ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းလက RFA ကို ပြောပါတယ်။
ကွမ်ဟိန်းမြို့နယ်တောင်ဘက်ပိုင်းမှာ ဝမ်လောင်း ကျေးရွာအုပ်စုနားမှာ မနေ့
မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီကျေးရွာက ရွာသား တွေကို
ဖမ်းဆီးသွားတာဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းလ က ပြောပါတယ်။
"အစိုးရစစ်ကြောင်းက ကျနော်တို့ နေရာကို စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်လာလို့
ကျနော်တို့ကိုအကြောင်း လည်းမကြားဘူး၊ ကျနော်တို့ တောထဲမှာ တိုက်ပွဲ
ငယ်လေးတွေဖြစ်ပွားရခြင်းဘဲဖြစ်ပါတယ်၊ အစိုးရဖက်က တစ်ဦးသေပြီးတော့ ၅ ယောက်
ကဒဏ်ယာရရှိသွားတယ်လို့ကြားပါတယ်၊ ၁၀ နာရီခွဲမှာ တိုက်ပွဲဖြစ်ပွား
ပြီးနောက်ပိုင်း ဝမ်လောင်းကျေးရွာအုပ်စု ဥက္ကဌနဲ့ ရွာသား ၇
ဦးကိုဖမ်းဆီးသွားတယ်၊ တပ်ရင်း ၂၄၆ ကွမ်ဟိန်း
စစ်ဗျူဟာအခြေစိုက်တပ်ဖြစ်ပါတယ်"
အခုလို ရွာသားတွေဖမ်းဆီးသွားတာနဲ့ပတ်သက်ပြီး ဒေသခံ
လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်းကော်မတီကို ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment