Sunday, August 30, 2015
ကုန်တင်ကားပေါ်၌ တွေ့ရှိခဲ့သည့် အလောင်း ၇၁ လောင်းနှင့် ဆက်စပ်သူ ၄ ဦးကို ဟန်ဂေရီရဲတပ်ဖွဲ့ က ဖမ်းဆီး
ဘူဒါပက်စ် ၊ ၃၀-၈-၂၀၁၅
ဥရောပတစ်ဝန်းတွင် တရားမဝင် ရွှေ့ပြောင်း လာသူများကြောင့် ဒေသတွင်းရှိ နိုင်ငံ့ခေါင်းဆောင် များ အကြပ်ရိုက်နေစဉ် သြစတြီးယား နိုင်ငံရှိ အဝေးပြေး လမ်းမကြီး တစ်ခုပေါ်တွင် ရုပ်အလောင်း ၇၁ လောင်းကို တင်ဆောင် ထားသည့် ကုန်တင်ယာဉ် တစ်စီးကို ရှာဖွေ တွေ့ရှိခဲ့ခြင်းနှင့် စပ်လျဉ်း၍ ဟန်ဂေရီ ရဲတပ်ဖွဲ့က လူလေးဦးကို ဖမ်းဆီး နိုင်ခဲ့သည်။
ဖမ်းဆီးခံရ သူများတွင် ဘယ်လ်ဂျီယံ နိုင်ငံသား သုံးဦးနှင့် အာဖဂန် တစ်ဦး ပါဝင်ကြောင်း၊ ဘယ်လ်ဂျီယံ နိုင်ငံသားများမှာ ယင်း ကုန်တင်ကား ပိုင်ရှင်နှင့် ယာဉ်မောင်းများ ဖြစ်ကြောင်း သက်ဆိုင်ရာ၏ ထုတ်ပြန်ချက် အရ သိရသည်။
ထို့ပြင် ရဲတပ်ဖွဲ့သည် အဆိုပါ လူသေဆုံးမှုနှင့် စပ်လျဉ်း၍ လူပေါင်း ၂ဝ ကျော်ကိုလည်း စစ်ဆေးလျက် ရှိပြီး သတင်း ရရှိသည့် လူနေအိမ်များ အတွင်းသို့ ဝင်ရောက် ရှာဖွေခဲ့ ကြသည်။
ကုန်တင်ကား ပေါ်တွင် လိုက်ပါလာသူ များ၏ သေဆုံးသူဦးရေ မှာ ကနဦး လူဦးရေ ၂ဝ မှ ၅ဝ ထိ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် တစ်စထက် တစ်စ မြင့်တက်လာခဲ့ ခြင်းဖြစ်ကြောင်း၊ သေဆုံးသူအား လုံးမှာ သြစတြီးယား နိုင်ငံအတွင်း သို့ မဝင်ရောက်မီ သေဆုံးခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူ များတွင် အမျိုးသား ၅၉ ဦး၊ အမျိုးသမီး ရှစ်ဦး နှင့် ကလေး လေးဦးတို့ ပါဝင်သည်။ ယင်းဖြစ် ရပ်သည် ပဋိပက္ခများ ဖြစ်ပွားနေ သည့် နိုင်ငံအတွင်းမှ လူများကို တရားမဝင် ကုန်ကူးခြင်းနှင့် ဆက် နွယ်လျက် ရှိသည်ဟု သြစတြီးယား ရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ ယခုအခါ ရဲတပ်ဖွဲ့က ယင်းကိစ္စရပ်နှင့် စပ်လျဉ်း ၍ ဆက်လက် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment