Wednesday, August 19, 2015

“ကိုယ်စားလှယ်လောင်းတင်သွင်းမှုစာရင်း ကော်မရှင် ထုတ်ပြန်”



၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီအလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အင်အားစာရင်းချုပ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းအများဆုံးဖြင့်ရပ်တည်နေကိုတွေ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်တွင် ၃၂၅ ဦး၊ အမျိုးသားလွှတ်တော်တွင် ၁၆၇ ဦး ၊ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တွင် ၆၅၉ ဦး စုစုပေါင်း ၁၁၅၁ ဦးဖြင့် ကိုယ်စားလှယ်လောင်း အများဆုံးဖြင့် ရပ်တည်နေပြီး ၄င်း၏ နောက်လက်ရှိ အာဏာရပါတီ ပြည်ခိုင်ဖြိုးက ဒုတိယ ကိုယ်စားလှယ်လောင်း အင်အားအများဆုံးစာရင်းဖြင့်ရပ်တည်နေသည်။

ပြည်ခိုင်ဖြိုးပါတီ သည် ပြည်သူလွှတ်တော်တွင် ၃၁၈ ဦး၊ အမျိုးသားလွှတ်တော်တွင် ၁၆၅ ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် ၆၅၁ ဦး စုစုပေါင်း ၁၁၃၄ ဦးရှိနေသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်း တတိယ အင်အားအများဆုံးပါတီအနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ပါတီသည်ရပ်တည်နေပြီး ပြည်သူလွှတ်တော်တွင် ၂၀၈ ဦး၊ အမျိုးသားလွှတ်တော်တွင် ၉၈ ဦး၊ တိုင်းဒေသကြီး သို့ မဟုတ်ပြည်နယ်လွှတ်တော်တွင် ၄၅၇ ဦး စုစုပေါင်း ၇၆၃ ဦးရှိသည်။


လက်ရှိအချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းလာသည့် ကိုယ်စားလှယ်လောင်းများကို စိစစ်နေပြီး သြဂုတ်လ ၂၇ ရက်နောက်ပိုင်းမှသာ ရွေးကောက်ပွဲ ကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည့် ကိုယ်စားလှယ်လောင်းမျာကို ထုတ်ပြန်ကြေညာမည်ဖြစ်သည်။


Credit: 7 Day 

No comments:

Post a Comment