
တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည် သြဂုတ် ၂၁ရက်က ဂျ ပန်သတင်းဌာနအဆာဟိရှင်ဘွန်း ကို သီးသန့်တွေ့ဆုံမေးမြန်းခွင့်ပြုခဲ့သည်။
ယင်းတွေ့ဆုံမှုတွင်လက်ရှိလူထုနှင့် နိုင်ငံရေးလေ့လာ စောင့်ကြည့်သူတို့ စိတ်ဝင်စားနေ သော ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီခေါင်းဆောင် အပြောင်းအလဲ၌ တပ်မတော်မှ ပါဝင်ပတ်သက်မှုရှိ၊မရှိ၊ ပြည်ခိုင်ဖြိုးပါတီနှင့်တပ်မတော်တို့ ပူးပေါင်းနေခြင်းရှိ၊မရှိ၊ ပြည်ခိုင်ဖြိုးက ကိုယ်စားလှယ်လောင်းအဖြစ် လက်မခံခဲ့သည့် အငြိမ်းစားတပ်မ တော်အရာရှိကြီးများအပေါ် သ ဘောထား၊ ဖွဲ့စည်းပုံအရတပ်မ တော်က တင်မြှောက်နိုင်သည့် ဒု သမ္မတလောင်း ရွေးချယ်ရေးအ ပေါ် သဘောထား၊ ၂၀၁၅ရွေး ကောက်ပွဲအလားအလာ၊ တပ်ကနိုင်ငံရေးတွင် ပါဝင်ပတ်သက်နေမှုစသည့် ဖြေကြားချက်များကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။
ရွေးကောက်ပွဲရလဒ်ကို တပ်မ တော်က ကော်မရှင်အတည်ပြုချက်အတိုင်းလက်ခံမည် ရွေးကောက်ပွဲတွင် NLDပါ တီအနိုင်ရရှိနိုင်သည့်အလားအ လာကောင်းနေပြီး ၎င်းတို့တွင် အ စိုးရအဖွဲ့ ဖွဲ့နိုင်သည့်အတွေ့အ ကြုံမရှိသည့်အပေါ် တပ်မတော် က စိုးရိမ်မှုရှိ၊မရှိမေးမြန်းမှုကို တပ်ချုပ်က ရွေးကောက်ပွဲအပေါ် စိုးရိမ်စရာအကြောင်းမရှိကြောင်းနှင့်ရွေးကောက်ပွဲလွန်ကာလနိုင်ငံရေးအရ လုပ်ကိုင်နိုင်ပါက မည်သည့်ပါတီမဆိုဥပဒေပါပြဋ္ဌာန်းထားသည့်အတိုင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ‘‘တပ်မတော်ကလည်း တပ် မတော်မှာရှိတဲ့၊ ဥပဒေမှာ ပြဋ္ဌာန်း ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ ပြဋ္ဌာန်းထားတဲ့အတိုင်းပဲ။ တပ် မတော်က သူ့တာဝန်သူထမ်း ဆောင်ရတယ်။ ခုနက Majority အရ အစိုးရဖွဲ့နိုင်ခွင့်ရတဲ့၊ အစိုးရ ဖွဲ့စည်းဖို့အတွက် အခွင့်အရေးရ တဲ့ အဖွဲ့အစည်းပေါ့။ ဟိုပါတီ၊ဒီ ပါတီတစ်ပါတီတည်းလည်းဖြစ် ရင်ဖြစ်မှာပေါ့။ နှစ်ပါတီလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ ပေါင်းရင် လည်း ပေါင်းတာဖြစ်မှာပေါ့။ ဒါကတော့ ပြောလို့မရဘူး။ ဘယ်သူပဲဖြစ်ဖြစ်ပါ သူတို့လည်း သူ့ဥပဒေအရ သူတို့သွားရမှာ။ သွားရမှာဖြစ်တဲ့အတွက်ကြောင့် ဒီမိုကရေစီစနစ်မှာတော့ ဒါတွေလျှောက်တွေး ပူနေရင်တော့ဖြစ်မှာမဟုတ်ဘူး။ အရေးကြီးတာတော့ တစ်ယောက်နဲ့တစ်ယောက် ယုံယုံကြည်ကြည်နဲ့ တာဝန်ထမ်းဆောင်ဖို့ပဲ။ နားလည်မှုရှိရှိနဲ့ တာဝန်ထမ်းဆောင်ဖို့ပဲအရေးကြီးတယ်လို့ ကျွန်တော်ပြောချင်တယ်’’ဟု တပ်ချုပ်ကပြောသည်။
ထို့အပြင် NLDရွေးကောက် ပွဲတွင် အနိုင်ရရှိမည်ဆိုပါက တပ် မတော်က အဆိုပါရလဒ်ကို လေး စားလက်ခံမှုရှိပါမည်လားဟု သ တင်းဌာနက မေးမြန်းရာတပ်ချုပ် က ရွေးကောက်ပွဲကော်မရှင်၏ အတည်ပြုချက်အရ လက်ခံမည် ဖြစ်ကြောင်းဖြေကြားသည်။ ‘‘Election ကော်မရှင်ကနေ ပြီးတော့မှ ဒီလူ၊ ဒီပါတီဟာဘယ် နှယောက်နိုင်တယ်။ အနိုင်ရတယ်လို့ပြောတယ်ဆိုရင် ဒီရလဒ်ဟာ ကျွန်တော်တို့လက်မခံလို့မရဘူး။ လက်ကိုလက်ခံရမှာ။ ရွေးကောက်ပွဲကော်မရှင်က တကယ် သူက မှန်မှန်ကန်ကန်လုပ်ဖို့အား လုံးလည်းလုပ်ထားပြီးသားပဲ။ ဒါ ကြောင့် ကျွန်တော့်အနေနဲ့တော့ ဒါနဲ့ပတ်သက်ပြီးတော့ ဘာမှပြော စရာအကြောင်းလည်း မရှိဘူး။ ရွေးကောက်ပွဲရလဒ်တော့လက်ခံ တယ်။ ရွေးကောက်ပွဲကော်မရှင် ကနေပြီးတော့ မှန်မှန်ကန်ကန်နဲ့ သူတို့ ဆုံးဖြတ်ပြီးတင်ပြထားတဲ့ ဟာဆိုရင် ကျွန်တော်တို့ဘာမှ လက်မခံနိုင်စရာအကြောင်းမရှိ ဘူးလို့ ပြောလိုတယ်’’ဟု ပြော သည်။
ပြည်ခိုင်ဖြိုးပါတီထိပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲတွင် တပ်ကပါဝင်ပတ်သက်မှုမရှိ မကြာသေးမီက ပြည်ခိုင်ဖြိုးပါတီထိပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲတွင် တပ်မတော်ကပါဝင်ပတ်သက်မှုမရှိကြောင်းနှင့် ပါတီတွင် ပါဝင်နေသည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများ ကြောင့် သံသယဖြစ်နေခြင်းဖြစ် ကြောင်း တပ်ချုပ်ကပြောကြား သည်။ ‘‘သံသယဖြစ်နေကြတာ တော့ အငြိမ်းစားတပ်မတော်အ ရာရှိကြီးတချို့အဲဒီမှာပါနေလို့။သူတို့ကတော့ တပ်မတော်က အ ငြိမ်းစားယူသွားပြီဖြစ်တဲ့အတွက် ကြောင့် သူတို့သွားမယ့်လမ်း ကြောင်းပေါ်မှာ သူတို့အလုပ်လုပ် ခြင်းဖြစ်တယ်လို့ပြောလို့ရတယ်။ တပ်မတော်နဲ့တော့ ဘယ်လိုမှမ ပတ်သက်ဘူးဆိုတာလေးပြော ချင်ပါတယ်။ ဒါကတော့သူတို့ရဲ့ ပါတီရဲ့အတွင်းရေးကိစ္စတွေပါ ပဲ’’ဟု ပြောသည်။ ပြည်ခိုင်ဖြိုးပါ တီ၏ အဆိုပါအပြောင်းအလဲအ ပေါ် တပ်ကထောက်ခံခြင်းထက် မည်သည့်ပါတီမဆိုပါတီတည် ငြိမ်ရေးအတွက် အလုပ်လုပ်မည် ဆိုပါက တပ်မတော်အနေဖြင့်အ သိအမှတ်ပြုရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။ သို့သော် သမ္မတဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော်နာ ယကသူရဦးရွှေမန်းကို ပါတီဥက္က ဋ္ဌရာထူးမှ ဖယ်ရှားလိုက်ခြင်းအပေါ် သတင်းဌာနက မှတ်ချက်တောင်း ရာတွင် မှတ်ချက်မပေးလိုကြောင်းတပ်ချုပ်က ဖြေကြားခဲ့ သည်။
ထို့အပြင် တပ်မတော်အနေ ဖြင့် ပြည်ခိုင်ဖြိုးပါတီသာမဟုတ် ဘဲ တိုင်းပြည်ကို တကယ်အကျိုး ရှိအောင်လုပ်ဆောင်ပေးမည့် လူပုဂ္ဂိုလ်နှင့်ပါတီကိုတပ်မတော်သားတစ်ယောက်အနေဖြင့် ၎င်း၏ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့်ဆန္ဒပြုနိုင်ကြောင်းပြောကြားသည်။ ‘‘တိုင်းပြည်ကို တကယ် ကောင်းအောင်လုပ်ပေးမယ်။ အ ကျိုးရှိအောင်လုပ်ပေးမယ်။ တိုင်း ပြည်အကျိုးရှိအောင်လုပ်မယ့်လူ ပုဂ္ဂိုလ်၊ တိုင်းပြည်အကျိုးရှိအောင်လုပ်မယ့်ပါတီကို ကျွန်တော်တို့ကတော့ တပ်မတော်အနေနဲ့မဟုတ်ဘူး။
တပ်မတော်သား တစ်ယောက်အနေနဲ့ကတော့ သူ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သူ့ဆ ဆန္ဒပြုလို့ရပါတယ်။တပ်မတော် က ထောက်ခံတယ်။ ဆန္ဒပြုတယ်။ တပ်မတော်အနေနဲ့ကတော့ဘယ် သူ့ကို ထောက်ခံတယ်၊ ဘယ်ဝါ့ကိုထောက်ခံမယ်ဆိုပြီးတော့ ညွှန်ကြားလို့တော့မရပါဘူး။ ဒါလူတစ်ဦးချင်းရဲ့ မဲပေးပိုင်ခွင့် Right ရှိတယ်။ ဒါကြောင့် သူ့ရဲ့ဆန္ဒပေါ်မှာ မူတည်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်’’ဟု ပြောသည်။ ရွေးကောက်ပွဲဝင်မည့် တပ်မ တော်သားများကို ပြည်ခိုင်ဖြိုးက လက်မခံခဲ့သည့်အပေါ်တပ်ချုပ် သဘောထား ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အငြိမ်းစား တပ်မတော်အရာရှိ ၁၅၉ဦးကိုပါတီမှတစ်ဆင့် ရွေးကောက်ပွဲဝင်ရန် ပါတီကလက်မခံခဲ့သည့်အပေါ် မကျေနပ်မှုများရှိခဲ့သည်ဆိုသည့် မေးခွန်းကို တပ်ချုပ်က ငြင်းဆိုခဲ့သည်။ ‘‘အဲဒါမဟုတ်ပါဘူး။ ဘာမှ မဆိုင်ပါဘူး။ ဒါကတော့ သူတို့ဒီပါတီမှမဟုတ်ဘူးပေါ့။ တချို့တပ်မတော်အငြိမ်းစားတွေလည်း တခြားပါတီတွေမှာလည်း ၀င်ပြိုင်မယ်၊ ပြုမယ်ဆိုတဲ့ Statementလေးတွေ၊ ကြေညာတာလေးတွေတွေ့ရပါတယ်။ ဒါကလည်းသူတို့ရဲ့ဆန္ဒပဲလေ။ သူတို့ရဲ့ ဆန္ဒအရ သူတို့လုပ်ကြတာ။ ကျွန်တော်တို့နဲ့မပတ်သက်ပါဘူး။ သို့သော်လည်းပဲ သူတို့က တပ်မတော်သားဆိုရင်တော့ လုပ်လို့မရပါဘူး။ တပ်မတော်ကထွက်ပြီးတော့ သူတို့ဘာသာသူတို့ ကြိုက်တဲ့ပါတီမှာသွားပြီးတော့ တာဝန်ထမ်းဆောင်ပေါ့။ ဟိုက လက်ခံတယ်ဆိုရင် သွားပေါ့။ လက်မခံဘူးဆိုရင်လည်း လက်မခံတဲ့အတိုင်းပဲ သူ့ဟာသူရှိနေမှာပေါ့။ သူတို့ ဆန္ဒပါပဲ ဒါကတော့။ကျွန်တော်တို့အနေနဲ့ ဘာမှကန့်သတ်လို့မရပါဘူး’’ဟုပြောသည်။ တပ်မတော်က ရွေးချယ်မည့် ဒုသမ္မတလောင်း တပ်မတော်အနေဖြင့်လက် ရှိအချိန်အထိ ဒုသမ္မတလောင်း ရွေးချယ်ထားခြင်းမရှိသေးသော် လည်း တပ်မတော်မှ ဒုသမ္မတအ ဖြစ်စာရင်းပေးမည့် လူပုဂ္ဂိုလ်မှာ တိုင်းပြည်ကိုကောင်းအောင်လုပ် မည့်သူ၊ တပ်မတော်အပေါ်တွင် နားလည်မှုရှိပြီးတပ်မတော်က ယုံ ကြည်ရသူဖြစ်ရန်လိုကြောင်း ကာ ကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကပြောကြားသည်။ ထို့အပြင် ဒို့တာဝန်အရေး သုံးပါးကို အမှန်တကယ်အလေး ထားဆောင်ရွက်မည့်သူ၊ တပ်မ တော်အပေါ်တွင်လည်း နားလည် မှုရှိသည့်ပုဂ္ဂိုလ်ဖြစ်ရန်လိုပြီး နိုင် ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး နှင့် ကာကွယ်ရေးစသည့်အမြင် လေးမြင်ရှိရမည်ဖြစ်ကြောင်းတပ် ချုပ်က ဒုသမ္မတလောင်းလျာနှင့် ပတ်သက်၍ဆက်လက်ဖြေကြား သည်။ တပ်ချုပ်ပြောကြားသွား သည့် အချက်များနှင့် ပြည့်စုံသူ မှာ သမ္မတဦးသိန်းစိန်ဖြစ်နေပြီး သမ္မတနှင့်ပတ်သက်၍ သဘော ထားအမြင်ကို သတင်းဌာနက မေးမြန်းချက်ကိုမူ တပ်ချုပ်က ယင်းသို့ပြော၍မရကြောင်း ဖြေ ကြားသည်။
‘‘ဒီလိုတော့ပြောလို့တော့ မရ ဘူး။ အဲဒီအခြေအနေကျမှပဲ အခု က ကြိုပြောလိုက်တဲ့အခါကျ တော့မှ တစ်ခုခုဖြစ်တော့မှ ပြော တုန်းက ဒီလိုပြောတယ်။ အခုကျ တော့ ဒီလိုဖြစ်တယ်ဆိုတဲ့အဖြေ မျိုး ဒါကြောင့် Aရော Bရော C ရောကျွန်တော်တို့ ဘာမှမပြောပါ ဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီလိုမျိုးဖြစ်သင့်တယ်လို့ ယုံကြည် ထားပါတယ်’’ဟု တပ်ချုပ်က ပြော သည်။ နိုင်ငံရေးတွင် တပ်မတော်၏ ပါဝင်ပတ်သက်မှု လွှတ်တော်တွင် တပ်မတော် သား ၂၅ရာခိုင်နှုန်းပါဝင်မှု၊ အစိုး ရ၀န်ကြီးသုံးနေရာကို တပ်ချုပ်က ရွေးချယ်ခန့်အပ်နိုင်မှု၊ တပ်မ တော်က အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်နေမှုစသည့်အချက်များ မှာ ဒီမိုကရေစီနည်းလမ်းမကျ ကြောင်းဝေဖန်နေကြပြီးတပ်မ တော်၏ အဓိကတာဝန်ဖြစ်သည့် ကာကွယ်ရေးကိုသာ လုပ်ဆောင် သည့်တပ်မတော်မျိုးဖြစ်ရန် အ ချိန်ကာလသတ်မှတ်ချက်ကို သ တင်းဌာနကမေးမြန်းရာ တပ်ချုပ် က မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီကျင့်သုံးပုံစနစ်ကိုသာ သွားခြင်းဖြစ်ကြောင်းဖြေကြား သည်။ လက်ရှိအခြေအနေမှာ အ ကောင်းဆုံးဖြစ်မည့်လမ်းကြောင်း ကို ရွေးချယ်ထားခြင်းဖြစ်ပြီးတပ် ချုပ်က ရွေးချယ်ပေးသည့်ကာ ကွယ်ရေး၊ နယ်စပ်ရေးရာနှင့် ပြည် ထဲရေးဝန်ကြီးနေရာတို့မှာ ဒီမိုက ရေစီနည်းလမ်းမကျဘူးဟုပြော ရန်မဖြစ်နိုင်ကြောင်းနှင့် တိုင်း ပြည်၏အခြေအနေအရ လုပ်ကြ ခြင်းဖြစ်ကြောင်းတပ်ချုပ်ကဆက် လက်ပြောသည်။
‘‘ကျွန်တော်တို့ဟာ ဒီမိုကရေ စီ၊ ပါတီစုံဒီမိုကရေစီအတွေ့အ ကြုံနုနယ်ပါသေးတယ်။ ဒီအပေါ် မှာ မူတည်ပြီးတော့ သူတို့ရဲ့အ တွေ့အကြုံရင့်ကျက်လာတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိ လာပြီ။ အကြောင်းအမျိုးမျိုးပေါ့ ဗျာ။ အများကြီးရှိပါတယ်။ဥပမာအားဖြင့် လက်နက်ကိုင်ပဋိပက္ခတွေပေါ့။ ဒါလေးတွေလည်း ပြန်ပြီးတော့အေးအေး ချမ်းချမ်းနဲ့ ဖြစ်သွားပြီ။ အားလုံးက ကျွန်တော်တို့ ဒို့တာဝန်အရေးသုံးပါးကိုလည်း ထိခိုက်နိုင်စရာအကြောင်းမရှိဘူး။ ဒါမျိုးတွေ ဖြစ်လာပြီဆိုရင်တော့ ကျွန်တော်တို့တစ်တွေလည်း သက်ဆိုင်တဲ့တာဝန်တွေကို မှန်မှန်ကန်ကန်ထမ်းဆောင်သွားနိုင်မယ့်အခြေအနေ ရောက်လိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်’’ဟု ၎င်းကပြောသည်။ သို့သော်တပ်မတော်က နိုင် ငံရေးမှ မည်သည့်အချိန်တွင် နောက်ဆုတ်မည်ဆိုခြင်းကိုမူအ ချိန်အတိအကျမပြောနိုင်ကြောင်း ဆက်လက်ပြောသည်။
‘‘ကျွန်တော်တို့ပြောင်းလဲမှု မြန်မြန်ဆန်ဆန်ဖြစ်လို့ရှိရင် မြန် မြန်ဆန်ဆန်ဖြစ်သွားမှာပေါ့။ ပြောင်းလဲမှုက မြန်မြန်ဆန်ဆန်မ ဟုတ်ဘဲနဲ့ တဖြည်းဖြည်းနဲ့ ဒီဟာ ကို အချိန်ကြာသည်ထက်ကြာ အောင်လုပ်နေမယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်က ပြောင်းလဲမှုတွေလည်း အချိန်ကြာသည် ထက်ကြာသွားမှာပဲဖြစ်တယ်လို့ ကျွန်တော်ပြောလိုပါတယ်’’ဟု တပ်ချုပ်ကပြောသည်။ ဒီမိုကရေစီစနစ်တွင် လက် နက်ကိုင်ပြီး နိုင်ငံ့အာဏာကို ယူ ထားခြင်းမျိုး၊ နိုင်ငံ၏အုပ်ချုပ်ရေး တွင် ၀င်ရောက်ပတ်သက်နေခြင်း မျိုးမဖြစ်သင့်ဟု ယုံကြည်ကြောင်း ၎င်းကဆက်လက်ပြောသည်။ထို့ ကြောင့် တပ်မတော်က အားလုံး အာဏာလွှဲပေးလိုက်ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက ပေး အပ်သည့်တာဝန်ကိုသာ တပ်မ တော်က ထမ်းဆောင်နေကြောင်း တပ်ချုပ်ကပြောသည်။
7Day
No comments:
Post a Comment