Monday, August 17, 2015

သံတိုင်ကြားမှမဲပြားများ - သရ၀ဏ်(ပြည်)


ရွေးကောက်ပွဲတစ်ခုတွင်မဲပေးခွင်.ရှိသောလူတိုင်းမဲပေးခွင်.ရရေးသည်အလွန်အရေးကြီးသော
အချက်ဖြစ်သည် ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ အတွက်ဆန္ဒမဲပေးပိုင်ခွင်.ရှိသူများစာရင်းကိုထုတ်ပြန်သောအခါ ဝေဖန်သံများနှင်.ပွက်လောညံသွားသည် ။ လူရှိပါလျက်မဲစာရင်းတွင်မပါသူများပေါ်ထွက်လာသည် ။ လူသေပြီဖြစ်သော်လည်း မဲစာရင်းတွင်ပါလာသည်များလည်းရှိသည် ။ထင်ရှားကျော်ကြားသူများလည်း မဲစာရင်းတွင်မပါပဲကျန်ခဲ.သည်လည်းရှိသည် ။ လူနာမည်မှန်သော်လည်း မွေးသက္ကရာဇ်မှားနေသည်များလည်းဒုနဲ.ဒေးဖြစ်သည် ။

 သေသူများက စာရင်းထဲတွင်ရှင်ပြီး ၊ ရှင်သူများက စာရင်းထဲတွင်သေနေသောကြောင်.
“ သေသူရှင်လို . ၊ ရှင်သူသေတာဘာပွဲလဲ “
“ ရွေးကောက်ပွဲပါဘုရား “
ဟု သရုပ်ဆောင်ဗေလုဝက စာပေဟောပြောပွဲတစ်ခုတွင်ပျက်လုံးထုတ်သည် ။ ။ ရွေးကောက်ပွဲတွင် မပါသင်.သောသူများမဲပေးရာတွင်ပါမလာဖို.လိုသလို ၊ပါသင်.ပါထိုက်သူမဲပေးပိုင်ခွင်.ရှိသူများအားလုံး မေးပေးပိုင်ခွင်.ရှိရေးသည် အရေးကြီးပါသည် ။ ၂၀၁၀ ရွေးကောက်ပွဲတွင် ဘယ်ကဘယ်လိုရောက်လာမှန်းမသိသော ကြိုတင်မဲများသည် အလိုရှိသည်.မဲရုံတိုင်းသို. မိုးပေါ်မှကျလာသလို ရောက်လာလေ.ရှိသည်။

 ရွေးကောက်ပွဲဥပဒေအရ ၊ အသက် ၁၈ နှစ် မပြည်.သေးသူများ၊ မြန်မာနိုင်ငံသားမဟုတ်သူများ ၊ ၊ သာသနာ.၀န်ထမ်းရဟန်းသံဃာများ ၊ ပြစ်ဒဏ်ကျခံနေရသောအကျဉ်းသားများ ဆန္ဒမဲပေးပိုင်ခွင်.မရှိပါ ။ သို.သော် အပြစ်ရှိသည်ဟု တရားရုံးမှ ပြစ်ဒဏ်ထင်ရှားစီရင်ခြင်းမခံရသေးသော အချုပ်သားများသည် ဆန္ဒမဲပေးပိုင်ခွင်.ရှိသည်ဟုဥပဒေကခွင်.ပြုထားပါသည် ။ သို.သော် ယိုကွက်များ ဟာကွက်များနှင်.ပြည်.နှက်နေသောကြောင်. ရွေးကောက်ပွဲကော်မရှင်ကိုမေးစရာများစွာရှိလာပါသည် ။ ဤမေးခွန်းကိုနိုင်ငံရေးပါတီများမှလည်းတစ်ခါမှမေးသံမကြားဖူးပါ ။

 လွတ်လပ်၍ သန်.ရှင်းမျှတသောရွေးကောက်ပွဲဖြစ်စေရမည်ဟု ကြွေးကြော်အာမခံထားသော အစိုးရနှင်. ရွေးကောက်ပွဲကော်မရှင်ကို မရှင်း၍မေးလိုသည်မှာ အကျဉ်းထောင်အသီးသီးရှိအမှုရင်ဆိုင်နေရဆဲအချုပ်သားများ (ထောင်သားမဟုတ်) လွတ်လွတ်လပ်လပ် မိမိဆန္ဒအတိုင်းဆန္ဒမဲပေးနိုင်အောင် ရွေးကောက်ပွဲကော်မရှင်သည် မည်သို.စီစဉ်ထားသနည်း ၊ ထိုအချုပ်သားများသည် ထောင်အတွင်းတွင်ချုပ်နှောင်ခံထားရသူများဖြစ်ရာ ထောင်တွင်းမဲရုံများ မည်သို.စီမံထားသနည်း ။ လွတ်လပ်စွာ ဆန္ဒပြုခွင်.ရမရ မည်သူကစောင်.ကြည်.မည်နည်း ။ ဆန္ဒမဲများကိုမည်သူတွေကရေတွက်မည်နည်း ၊ အချုပ်သားများအား အတင်းအဓမ္မခြိမ်းခြောက်ဖိအားပေးကာ ပါတီတစ်ခုခုသို.ဘက်လိုက်ပြီးမဲပေးစေခြင်းမပြုပါဟုမည်သို.အာမခံမည်နည်း ။

 အချုပ်သားများအား ပါတီတစ်ခုခုသို.မဲထည်.ပါ ထိုသို. မဲထည်.ပါက ထောင်ကျခဲ.လျှင် လျှော.ရက်မည်မျှတိုးပေးပါမည်ဟု ထောင်အာဏာပိုင်များက မလိမ်လည် မလှည်.ဖျားပါဟုမည်သို.အာမခံနိုင်မည်နည်း ။ ဘယ်ပါတီကိုမဲထည်.ရမှန်းမသိသေးသော ၊ ဘယ်ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းသည် ဘယ်သူဘယ်ဝါဖြစ်သည် ဆိုတာကိုမသိကြရှာသောအချုပ်သားများကို သက်ဆိုင်ရာ အမတ်လောင်းများသည် စည်းရုံးဟောပြောရှင်းပြခွင်.မည်သို.ရမည်နည်း ၊ စသည်ဖြင်.မေးခွန်းတို.များလှသည် ။
ဤအချက်သည် အရေးမကြီးဟုထင်ရသော်လည်းစင်စစ်အတော်အရေးကြီးသောကိစ္စဖြစ်လာနိုင်သည် ။ ညစ်ကွက်တွေဖြစ်လာနိုင်သည် ။

ဥပမာ ပြည်အကျဉ်းထောင်တွင်အချုပ်သား ၂၅၀ ဦးရှိသည်ဟုသိရသည် ။ ထိုမဲများသည် ထောင်မှူးထောင်ပိုင်ဆိုသူတွေကလုပ်ချင်သလိုလုပ်၍ရနေသောမဲများဖြစ်ရာ မဲ ၁၀၀ ၊ မဲ ၂၀၀ ဖြင်. ကပ်၍ ရှုံးနေသော အမတ်သည် ၊ အကျဉ်းထောင်အာဏာပိုင်တို. ကူညီမှုဖြင်. ထို ၂၅၀ သောထောက်ခံမဲများကိုမိမိလိုလားသူထံ မလွဲမသွေပို.ပေးနိုင်သဖြင်. ရှုံးပြီးမှနိုင်သောအပေါက်များဖြစ်လာနိုင်ပါသည် ။ အချုပ်သား ၂၅၀ သည် ပြည်အကျဉ်းထောင်အနေဖြင်.သာပြောရခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံတနံတလျားတွင် အကျဉ်းထောင်ပေါင်း (၄၃) ထောင်ရှိပါသည် ။ အင်းစိန်ထောင်စသော အကြီးစားထောင်ကြီးများတွင် မဲပေးပိုင်ခွင်.ရှိသောအချုပ်သားအရေအတွက် ထောင်ဂဏန်းကျော်ပေမည် ။ မန္တလေး တွင်လည်းထိုနည်းနှင်နှင်ပင် ။

တဖန်အကျဉ်းဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန၏လက်အောက်ခံဖြစ်သည်။  ပြည်ထဲရေးဝန်ကြီးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှတိုက်ရိုက်ခန်.အပ်သော တပ်မတော်သားဗိုလ်ချုပ်များဖြစ်သည် ။ တပ်မတော်နှင်.ပြည်ခိုင်ဖြိုးပါတီသည် ရည်ရွယ်ချက်ချင်းတူသည်ဟုတပ်မတော်မှ အတိအလင်းပြောပြထားပြီးဖြစ်ရာ ထောင်ပိုင်သည် ပြည်ထဲရေးဝန်ကြီးဖိအားပေးလာလျင် ပြည်ခိုင်ဖြိုးပါတီဘက်သို. ဘက်လိုက်၍ရနေသောအနေအထားဖြစ်သည် ။ ထောင်ထဲမှမဲများသည်အစစ်အဆေးမရှိပဲ ပြည်ခိုင်ဖြိုးထောက်ခံမဲများအဖြစ် ရုပ်ဖျက်၍ မဲရုံများသို.ရောက်လာနိုင်ပေသည် ။ အချုပ်သားအရေအတွက်ကို ရှိသည်ထက်ပိုပြနိုင်မည်ဆိုလျှင် ထောင်ထဲမှမဲများမှာ လိုသလောက်ထွက်လာနိုင်သေးသည် ။ လိုအပ်ပါကရွေးကောက်ပွဲနီးလာသောအခါ သူခိုးကြမ်းပိုး ၊မှောင်၇ိပ်ခို ၊ဧည်.စာရင်းမတိုင် ၊ ပြည်.တန်ဆာ ၊ ရန်ကုန်တွင်ဆိုင်ကယ်စီးမှု ၊ မသင်္ကာမှုစသည်ဖြင်. လူပေါင်းများစွာကို အကျဉ်းထောင်ထဲသို.အချုပ်သားသစ်များအဖြစ်ဆွဲသွင်း၍ရပေသေးသည် ။ လက်ရှိအခြေအနေအရမြန်မာနိုင်ငံတွင်လူတစ်ယောက်ကို(သောက်မြင်ကပ်ပုဒ်မဖြင်.) ဖမ်းချင်လျှင် အလွန်လွယ်အောင်လုပ်ထားကြသည် ။

သူပုန်နှင်.ဆက်သွယ်သည်.မတရားသင်းနှင်.ဆက်သွယ်သည်.ဥပဒေ ၊ VCD ခိုးကူးခွေတစ်ချက်လောက်လက်ဝယ်တွေ.ရုံနှင်. ရုပ်မြင်သံကြားနှင်.ဗီဒီယိုအက်ဥပဒေ ၊ နှစ်လုံးထီထိုးမှု ၊ နိုင်ငံခြားသို.အီးမေးလ်တစ်စောင်လောက်ပို.ရုံ၊ဖေ.စ်ဘွတ်တွင် like တစ်ချက်share တစ်ချက်လုပ်ရုံဖြင်. အီလက်ထရောနစ်ဥပဒေ စသည်.ပုဒ်ထီးပုဒ်မ်များနှင် အချုပ်ထဲသို. ဆွဲထည်.ထား၍ရသေး၏ ။ ရွေးကောက်ပွဲရက်အမီ ခါတော်မီ မဲများများရအောင်လုပ်လာနိုင်သည် ။တဖန် ရန်ဖြစ်မှု ၊ မူးယစ်ရမ်းကား စသည်.အမှုသေးများဖြင်. ရဲကင်းများတွင်ဖမ်းချုပ်ခံထားရသောသူများလည်းရှိသေးသည် ။ သူတို.သည်ထောင်မကျသေးသောအချုပ်သားများသာဖြစ်သဖြင်. တရားဝင်မဲပေးပိုင်ခွင်.ရှိ၏ ။ ထိုသူတို.၏မေးပေးပိုင်ခွင်.ကို ရွေးကောက်ပွဲကော်မရှင်သည် မည်သို.အာမခံမည်နည်း ။ကလိမ်ကလှည်.မလုပ်ပါဟု မည်သို.သိနိုင်မည်နည်း ။ ပါတီများသည်မေးဖို.ကောင်းလှ၏ ။ ဥပဒေပညာရှင်များသည် စောဒကတက်သင်.လှ၏ ။


ဥပမာ မြန်မာနိုင်ငံပညာရေးဥပဒေ ကို လမ်းလျှောက်ချီတက်ဆန္ဒပြကန်.ကွက်မှုဖြင်. သာယာဝတီထောင်တွင် ထိန်းသိမ်းခံထားရသော ကျောင်းသား လောလောဆယ်အယောက် (၆၀ )ခန်. သည် မဲပေးပိုင်ခွင်.ရှိသောအချုပ်သား၊အချုပ်သူများဖြစ်သည် ။သေချာသည်မှာ ထိုသူများသည် ပြည်ခိုင်ဖြိုးပါတီကိုတော.မဲပေးကြမည်မဟုတ်တန်ရာ ၊ အခြားဒီမိုကရေစီဘက်တော်သားများကိုသာ သေချာပေါက်မဲပေးမည်ဖြစ်သည် ။

ထိုသို.သောသူများ၏ မဲများဘယ်လိုအဆုံးသတ်သွားမလဲ ၊ ဥပဒေအရပေးထားသော မဲပေးပိုင်ခွင်. အခွင်.အရေးကိုထိုကျောင်းသားတွေရပါ.မလား ဆိုတာလဲမေးခွန်းထုတ်ရမည်.ကိစ္စဖြစ်သည် ။ ဒီမိုကရေစီရွေးကောက်ပွဲတွင် မဲတစ်ပြားတည်းနှင်.ကပ်ရှုံးသည်များ ၊ကပ်နိုင်သည်များလဲဖြစ်တတ်ပါသည် ။ မဲအရေအတွက် ရာဂဏန်း ၊ထောင်ဂဏန်းပဲရှိသဖြင်. အချုပ်သားတို.၏မဲကိုဂရုစိုက်စရာမလိုဟု အချို.သော ပါတီများ ၊ လွှတ်တော်အမတ်လောင်းများကထင်ကောင်းထင်နိုင်ပါသည် ။ သို.သော် ကျဉ်းထဲကျပ်ထဲ မဲကွာခြားချက် အလွန်ပွတ်ကာသီကာရှိနေသောအခါများတွင် ၂၀၁၀ က ကြိုတင်မဲဖြင်. အနိုင်ယူလိမ်လည်သွားသလို ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် လူသေတို.၏မဲ ၊ အချုပ်သားများ၏ မဲများ၊ မဲလာမပေးသူများ၏မဲများမှာ လှည်.ကွက်တစ်ခုသဖွယ် မိုးပေါ်မှကျလာကာပြန်ပေါ်လာနိုင်ပါကြောင်း သတိပေးတင်ပြအပ်ပါသည် ။

သရ၀ဏ်(ပြည်)

No comments:

Post a Comment