Wednesday, August 19, 2015

"သူတို့ကိုယ်တိုင်ပင်အရပ်သား" (သူရဦးတင်ဦး)

" NLD နာယကကြီး သူရဦးတင်ဦး၏
တန့်ဆည်မြို့နယ်လူထုတွေ့ဆုံပွဲ မှ
မှတ်သားစရာသြဝါဒစကား "

# သူတို့ကိုယ်တိုင်ပင်အရပ်သား။
မွေးတုန်းကတည်းက သေနတ်လေးကိုင်ပြီး
အမေ့ဆီကထွက်လာတာ မဟုတ်ဘူး။
ပြည်သူလူထုကအပ်နှင်းလို့ သေနတ်ကိုင်ရတာ။


# စစ်သားတစ်ယောက်စစ်တိုက်ဘို့ဟာကို
နောက်ထပ်ပြည်သူလူထု ခင်ဗျားတို့ကျွန်တော်တို့
ဆယ်ယောက်က ပံ့ပိုးပေးရတာ။
သူဝတ်ဘို့၊ သူကိုင်ဘို့သေနတ်၊ သူ့ကျည်ဆံ၊
သူ့ကျောဘိုးအိတ်၊ သူ့သားမယားအိမ်၊ ပညာရေး၊
ဘာညာဝန်ထုပ်ဝန်ပိုးက ပြည်သူလူထုက ပိနေတာ။

# သူတို့ကိုတစ်ခါထဲ မွေးကတည်းကကိုင်လာတဲ့
လက်နက်ကြီးတွေကြနေတာပဲ။ ပြီးတော့
သူတို့ဘယ်ပြန်သွားမလဲ။ တာဝန်ပြီးဆုံးပြီဆိုတော့
ပြည်သူလူထုထဲပြန်သွား။ သေနတ်ထားခဲ့ပေါ့။

No comments:

Post a Comment