Monday, August 17, 2015

ပြည်သူ့လွှတ်တော် Email Server ကို ဖောက်ထွင်းနိုင်ခဲ့ကြောင်း အင်တာနက်ဟက်ကာအဖွဲ့ပြော



မြန်မာနိုင်ငံမျိုးဆက်သစ်လူငယ်များအဖွဲ့- New Generation Wave လို့အမည်ပေးထားတဲ့ အင်တာနက်ဟက်ကာအဖွဲ့ဟာ ပြည်သူ့လွှတ်တော်ရဲ့ ဒစ်ဂျစ်တယ်အချက်အလက် Server ကို အင်တာနက် ကနေ ဝင်ရောက်ပြီး သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၅၂၉ ဦးရဲ့ အီးမေးလ်နဲ့ အချက်အလက်တွေကို ဖောက်ထွင်းရယူနိုင်ခဲ့တယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။ 

လွှတ်တော် အင်တာနက် လုံခြုံရေးကွန်ရက် အထပ်ထပ်ကြားကနေ ဝင်ရောက်နိုင်ခဲ့တာဖြစ်ပြီး၊ ၂ဝ၁၃ ဇွန်လက စလို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပုဂ္ဂိုလ်ရေးအီးမေးလ်မှတ်တမ်းတွေကအစ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီအီးမေးလ်တွေကို ကြည့်ရင် အစိုးရနဲ့စီးပွားရေးလုပ်ကိုင်စားနေတဲ့ ခရိုနီတွေ၊ နိုင်ငံခြားလုပ်ငန်းရှင်တွေနဲ့ အပြန်လှန်ရေးသားတာတွေ ပါဝင်သလို ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်နေတာတွေလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ 

 ဒီတွေ့ရှိချက်တွေကို မကြာခင်ရက်ပိုင်းမှာ အများပြည်သူသိအောင် ထုတ်ဖော်သွားမယ် လို့လည်း ကြေညာချက်မှာ ရေးသားထားပါတယ်။

Credit: RFA Burmese 

No comments:

Post a Comment