Sunday, August 16, 2015

MNHRC (မြန်မာနိင်ငံလူအခွင့်ရေးကော်မရှင်) ကို အကြံပြုစာ (Alinn De - Reporter @ The Myanmar Post Journal & Myanmar Post Global Journal)


ကျွန်တော်ကို MNHRC(မြန်မာနိင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင်က လက်ပံတန်း ကျောင်းသားသပိန်ဖြိုခွင်းခံရမှု အတွက် မျက်မြင်သက်သေထွက်ဆိုပေးဖို့ ခေါာတာကို ဝမ်းမြောက်မိပါတယ်။
ကျွန်တော်က ကျောင်းသားတွေနဲ့အတူ ဘုန်းကြီးကျောင်းထဲမှာ အဖမ်းခံရတဲ့ သတင်းထောက်တဦးပါ။
ဖမ်းခံရချိန်မှာ မီဒီယာ ဖြစ်ကြောင်းအထောက်ထား(ID Card)အခိုင်လုံရှိပါလျက်နဲ့ ဒုရဲမှုးကြီး နန္ဒဝင်းက ကျွန်တော် ကို မင်းက ရေးနေတာ မဟုတ်ဘူး' ဖွ' နေတာ ဒီကောင်ကိုလက်ထိပ်ခတ် ဆိုပြီး ဖမ်းပါတယ်။
ပီးတော့ ကျောင်းသားတွေနဲ့အတူ ပုံစံထိုင်ခိုင်းပြီး ရိုက်နက်ကန်ကျောက်မှုတွေ အကြိမ်ရေ များစွာကို ရဲဝန်ထမ်းတွေက နံပါတ်တုတ် ဝါးရင်းတုတ်ရှည် လက် ခြေထောက် တွေနဲ့ပြုလုပ်ပါတော့တယ်။
ဘုန်းကြီးကျောင်းထဲမှာ ရှိနေတဲ့ ကျောင်းသားအားလုံးက အေးဆေးအဖမ်းခံမယ်ပြောတာကိုတောင် လက်မခံဘဲ ဥပဒေဘောင်ကို ကျော်လွန်ရုံမက ကျော်လွန်ပြီး ကျောင်းသားဆိုကျောင်းသားမို့ ဝန်းရံသူ ဆိုဝန်းရံပေးလို့ မီဒီယာ(ကျွန်တော်ကို)ဆိုရင်လည်း မီဒီယာမို့ အငြိုးကြီးစွာ ရိုက်နပ်ပြီး ပစ္စည်း(ပိုက်ဆံ/ရွှေထည်ငွေထည်/ ဖုန်း)တွေကို ပုံစံမယူဘဲ စာရင်းပျောက်သိမ်းတာကို ကျွန်တော်သာယာဝတီထောင်က လွတ်တဲ့အချိန်မှာ မိခင်ဂျာနယ် မြန်မာပိုစ့် အတွဲ 7 အမှတ်၁၁ မှာဖော်ပြပြီးပါပြီ။

ကျွန်တော်ရဲ့ ဖုန်း(Huawei610 /Recorder/powerbank/ခါးပတ် )
အစရှိတာတွေကို ဒုရဲမှုးကြီးနန္ဒဝင်း လက်နဲ့ကိုယ်တိုင်သိမ်းဆည်းရုံမကဘဲ
ဘယ်ဘက်လက်မှာဝတ်ထားတဲ့ကျောက်ပါ လက်စွပ်မောင်းကွင်းကိုပါ ရဲတပ်သားတဦီးက မရမက အတင်းဖြုတ်ယူပြီးထပ်မံသိမ်းဆည်းပါတယ်။



ဖုန်းနဲ့ခါးပတ် ကို လုံခြုံရေးအရဆိုပြီး ပုံစံမယူဘဲ သိမ်းဆည်းတာတွေကို လုံခြုံရေးအရဆိုပြီး နားလည်ပေးလို့ရပေမဲ့ ဘာမှအန္တရယ် မပြုနိင်တဲ့ လက်စွပ်ကို လာရောက်ဖြုတ်ယူသိမ်းဆည်းတာက ဥပဒေဘက်တော်သားတွေလို အမည်ခံထားတဲ့လူတွေ လိုချင်တပ်မက်မှုနဲ့ ဓါးမြတိုက်မှုပါပဲ။
ပုံစံထိုင်ပေးနေရတုန်း ကျောင်းသားတွေရော ကျွန်နော်တိုကိုပါ ထိုးကြိတ်ကန်ကြောက်နိပ်စက် တာကို ပြည်သူတွေသိနေပြီမို့မရေးတော့ပါဘူး။

နောက်---ထောင်ကားပေါာတင်ချိန်မှာလည်း ကားဆီသွားရာလမ်းတဖပ်တချပ်မှာ ရဲဝန်ထမ်း၁၀ဦးဆီ ကနေရာယူပြီး ကားပေါာတက်တဲ့တဦးချင်းစီ ကို စိမ်ပြေနပြေရိုက်နက်တာလည်း ငြင်းလို့မရတဲ့အဖြစ်ပျက်တွေပါ။ 


                                        
                                                အလင်းဒီ(မြန်မာပိုစ့်)

ဒါတွေအားလုံးသိရှိထားတဲ့ ကျွန်တော် ကို MNHRCကခေါာယူတွေ့ဆုံတာကို စောင့်ကြည်သူတွေရှ်နေမှာပါ။
ဒါကြောင့်လည်း ကျွန်နော်ကို ခေါယူတွေ့ဆုာံတာဟာ
အပေါာယံသက်သက် မဖြစ်စေဖို့ MNHRCကို အကြံပြုလိုပါတယ်။

ဒီအချက်တွေကို ပဲ အခြေံပြီးထွက်ဆိုပါမယ်။
ဒီအချက်လက်တွေကို အစီရင် ခံစာမှာ မှန်ကန်စွာနဲ့ ထည့်သွင်းဖို့က MNHRCမှာတာဝန်ရှိလာပါပြီ။
ပြည်သူတွေ လူ့အခွင့်ရေးချိုးဖောက်ခံရမှုနဲ့ ကမ္ဘာသိလက်ပံတန်းကျောင်းသားသပိတ်အကြမ်းဖက်အတွက် အမှန်တရားဘက်က MNHRCရပ်တည်နိင်ပါစေလို့ပဲ အကြံပြုလိုပါတယ်။

သြဂုတ် ၁၄ ၁၅;၃၀ 

(MNHRC ရုံးရဲ့ဖိတ်ကြားမှုအတွက် သွားရောက်နေဆဲ ကားပေါာကနေ အကြံပြုရေးသားအပ်ပါတယ်)

2:00PM
August 14th 2015 

(Reporter အလင်းဒီ(မြန်မာပိုစ့်) The Myanmar Post Journal & Myanmar Post Global Journal)  

(မြန်မာနိင်ငံလူအခွင့်ရေးကော်မရှင် သို့ အကြံပြုစာအတွက် အလင်းဒီ(မြန်မာပိုစ့်) မှ သူ၏ ဖေ့စ်ဘွခ်စာမျက်နှာ တွင်ရေးသားတင်ပြထားသည်ကို စစ်အုပ်စုရဲ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းအဖြစ် မှက်တမ်းတင်အပ်ပါသည်)   

No comments:

Post a Comment