‘‘လက်ပံတန်းက အနီးဆုံး မြို့လည်းဖြစ်တာကို အခုချိန်မှ ဘာလို့ တရားလာစွဲတာလဲလို့ မေး တော့ ဇွန်လပထမပတ်မှာ ပုဒ်မ ၁၈ နဲ့ တရားစွဲဖို့ သူတို့ကို အထက် ကနေပြောထားတာကို ဒီကြားထဲ မှာ မအားသေးတဲ့အတွက် အခုမှ တရားလာစွဲရတာလို့ပြောတယ်’’ ဟု ကိုမင်းသွေးသစ်ကပြောသည်။
ဒီမိုကရေစီပညာရေး သပိတ် စစ်ကြောင်းကို ထောက်ခံသည့် ရန်ကုန်မြို့တွင်
ပြုလုပ်သည့်ပွဲများ ၌ ပါဝင်ခဲ့သောကြောင့် လှိုင်မြို့ နယ်ရဲတပ်ဖွဲ့က
ကျောင်းသား ခေါင်းဆောင် ကိုနန္ဒစစ်အောင်ကို ငြိမ်း၊ စု၊ စီပုဒ်မ ၁၈ ဖြင့်
ထပ်မံ တရားစွဲဆိုထားကြောင်း ၎င်းက ပြောသည်။
‘‘ကျွန်တော့်ကို ကမာရွတ် တရားရုံးမှာ ရုံးထုတ်တဲ့အချိန်မှာ လှိုင်မြို့နယ်ရဲက လာတွေ့ပြီး တော့ အရင်အမှုဟောင်းကတစ်မှု၊ အခုနှစ်မှုဆိုပြီး တရားစွဲထားတယ် ဆိုတာ လာပြောတယ်။ သပိတ် မှောက်တဲ့လေးရက်မှာ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီအနေနဲ့ တရားစွဲတာကို လက်ခံတယ်။ ကျွန်တော်တို့ကို တခြားထောက်ခံသပိတ်တွေမှာ ပါ ဦးဆောင်မှုနဲ့ တရားစွဲတယ်ဆို ရင် လက်ခံမှာမဟုတ်ပါဘူး။ ပါ ၀င်တဲ့ အမှုနဲ့စွဲတာဆိုပြောစရာမရှိ ဘူး’’ဟု ကိုနန္ဒစစ်အောင်က ပြော သည်။
သြဂုတ် ၁၈ရက်တွင် သပိတ် မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူများကို ရုံးထုတ်စစ်ဆေးသည့် (၁၈)ကြိမ်မြောက်ရုံးချိန်းတွင် တရားလိုရဲမှူးဖုန်းမြင့်အား တရားခံရှေ့နေများက ဆက်လက်စစ်ဆေးပြီးနောက် ရုံးချိန်းကို သြဂုတ် ၂၅ ရက်သို့ ထပ်မံချိန်းဆိုခဲ့သည်။
August 20th 2015
Credit: 7 Day ဇော်မျိုးလှိုင်

No comments:
Post a Comment