Thursday, August 20, 2015

Ford Glory အထည်ချုပ်စက်ရုံမှ အလုပ်သမား ကိုနိုင်ဌေးလွင် ၊ မဝင်းပပ ၊ မခိုင်စံပယ်ဦး ၃ ဦးကို ပုဒ်မ ၁၈ နဲ့ထောင်ဒဏ် ၄ လစီ အမိန့် ချမှတ် (Aug 17th 2015)


Ford Glory အထည်ချုပ်စက်ရုံမှ အလုပ်သမား
ကိုနိုင်ဌေးလွင် ၊ မဝင်းပပ ၊ မခိုင်စံပယ်ဦး
၃ ဦးကို ပုဒ်မ ၁၈ နဲ့ထောင်ဒဏ် ၄ လစီ အမိန့်
ချမှတ်လိုက်တယ်။
ဒီကနေ့ အလုပ်သမားအဖွဲ့အစည်း ဦးဆောင်
သူတွေ နည်းအမျိုးမျိုးနဲ့ လုပ်ငန်းခွင်ကနေပြီး
မတရားထုတ်ပယ်ခံနေရတယ်။
နောက်ထပ်ဦးဆောင်သူတွေမပေါ်ပေါက်အောင်
ကြောက်သွားအောင် ၊ နောက်ထပ်မလုပ်ရဲအောင်
စနစ်တစ်ကျ လုပ်ဆောင်နေတာပါ။
သမဂ္ဂတွေ အင်အားချိနဲ့သွားအောင် ၊ ဖြိုခွဲနေတာ
ပါ။ အလုပ်သမားများအနေနဲ့ ရှေ့ကအနစ်နာခံ
သွားတဲ့ EC တွေနေရာကို လက်ဆင့်ကမ်း
တာဝန်ယူပြီး သမဂ္ဂတွေ တောင့်တင်းခိုင်မာ
အောင်တည်ဆောက်ကြရမယ်။
ဒီကနေ့ အလုပ်သမားပြဿနာတွေကိုမှန်ကန်စွာ
မဖြေရှင်းနိုင်တာဘယ်သူတွေမှာတာဝန်ရှိသလဲ။
(၁)
ဥပဒေစည်းနှောင်အားကောင်းဖို့အလုပ်သမား
ရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ပြင်ဆင်
ရာမှာ မူလ ဆွေးနွေးသဘောတူညီချက်တွေကို
ပြောင်းပြန်လှန်ပစ်ခဲ့နဲ့ ပြည်ထောင်စုလွတ်တော်
နာယက သူရဦးရွှေမန်းနဲ့ အဆိုတင်သွင်းခဲ့တဲ့
လွတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်
တို့မှာ တာဝန်ရှိတယ်။
လွတ်တော်မှာအလုပ်သမားတွေဘက်ကတရား
မျှတစွာရပ်တည် မကန့်ကွက်ခဲ့တဲ့ လွတ်တော်
ကိုယ်စားလှယ်တွေမှာ တာဝန်ရှိတယ်။
(၂)
တည်ဆဲအလုပ်သမားဥပဒေတွေကို လက်တွေ့
ကျကျ အကောင်အထည်မဖေါ်ခဲ့တဲ့ ၊ အငြင်း
ပွားမှုတွေဖြစ်လာရင် MEC ၊ ဦးပိုင် ၊ ခရိုနီ ၊
နိုင်ငံခြားသားလုပ်ငန်းရှင် တွေဘက်က ရပ်တည်
ဖြေရှင်းပေးခဲ့တဲ့ အလုပ်သမား၊ အလုပ်အကိုင်
နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှာ တာဝန်ရှိတယ်။
(၃)
အလုပ်သမားသမဂ္ဂ ဆန့်ကျင်ရေးလုပ်နေတဲ့
လုပ်ငန်းရှင်တွေမှာတာဝန်ရှိတယ်။
ဒါကြောင့်
အလုပ်သမားတွေအားလုံး အမျှော်အမြင်ရှိရှိ ၊
ညီညီညွတ်ညွတ်နဲ့ တူညီတဲ့တောင်းဆိုချက် နဲ့
တူညီသောလုပ်ငန်းစဉ်များကို ပူပေါင်းဆောင်
ရွက်ကြဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း ။


Credit: Cctu Lay's Facebook post Dated August 17th 2015 

No comments:

Post a Comment