Sunday, August 16, 2015

တောင်တမန်အင်းမှ သဘာဝအလှတို့ ပျောက်ပျက်တော့မှာလား

တောင်တမန်အင်းမှ သဘာဝအလှတို့ ပျောက်ပျက်တော့မှာလား
မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ တောင်တမန်အင်းသည် ဒေသခံတို့အတွက် သာယာလှပသော ရှုခင်းသာနေရာတစ်ခုဖြစ်သည်။ တောင်တမန်အင်းစပ်တွင် သက်တမ်းရင့် မယ်ဇယ်ပင်ကြီးများမှာ အုံ့အုံ့စိုင်းစိုင်းနှင့် ကြည်နူးဖွယ်ကောင်းလှပါသည်။

                                     တောင်တမန်အင်းစပ်မှ မယ်ဇယ်ပင်

 ထိုမယ်ဇယ်ပင်ကြီးများ၏ ပင်စည်မှာ လူသုံးယောက်ဖက်ရလောက်အောင် ကြီးပါသဖြင့် အပင်သက်တမ်းမှာ မနည်းလှပေ။ သက်တမ်းရင့် မယ်ဇယ်ပင်ကြီးများနှင့် တောင်တမန်အင်းမှာ အလွန်ပနံရပြီး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သကဲ့သို့ ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပါတယ်။



သို့သော် ယခုရက်ပိုင်းအတွင်း တောင်တမန်အင်းစပ်မှ မယ်ဇယ်ပင်ကြီးတစ်ပင်အား ခုတ်ဖြတ်ယူသွားသော ဖြစ်ရပ်ကြောင့် ဒေသခံများမှာ စိုးရိမ်လျက်ရှိကြောင်း ဒေသခံဦးဇင်းတစ်ပါးဆီမှ သတင်းရရှိပါတယ်။ တောင်တမန်အင်းကြီးသာ စကားပြောတတ်မည်ဆိုလျင် သူ၏ အဆွေခင်ပွန်း မယ်ဇယ်ပင်ငုတ်တိုကို ကြည့်၍ ဝမ်းနည်းကြောင်း ပြောပေလိမ့်မည်။

                                           တောင်တမန်အင်းစပ်မှ မယ်ဇယ်ပင်

ယခုတော့ တစ်ပင် ထို့မှ နှစ်ပင်၊ သုံးပင်နှင့် မယ်ဇယ်ပင်များ အားလုံးပျောက်ပျက်သွားမှာကို စိုးရိမ်မိပါတယ်။ မယ်ဇယ်ပင်ကြီးများ အကာအရံမှ မဲ့သွားလျှင် တောင်တမန်အင်းထဲသို့ နှစ်စဉ်ရောက်ရှိလာမယ့် မိုးရေများသည် ကုန်းမြေများပေါ်သို့...။

                                        တောင်တမန်အင်းစပ်မှ မယ်ဇယ်ပင်

သစ်ပင်၊ သစ်တော၊ ဒီရေတော များကို ချစ်ပါမှ သစ်ပင်များကလည်း လူသားတို့ကို သဘာဝဘေးမှ ကာကွယ်စောင့်ရှောက် ပေလိမ့်မည်။

Photo credit: Original uploader
Stacy Chan (ရိုးရာလေး)

No comments:

Post a Comment