JOB VACANCY
(Media Monitor Position)
၂၀၁၅ နိုဝင်ဘာတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ဖြစ်စဉ်နှင့် ပတ်သက်သည် သတင်းဆောင်းပါးများ၊ ရုပ်သံထုတ်လွှင့်မှုတင်ဆက်မှုတို့ကို စောင့်ကြည့်လေ့လာသည့် လုပ်ငန်းစဉ်ကို Myanmar Institute for Democracy (MID) သည် Democracy Reporting International (DRI) နည်း ပညာအကူအညီနှင့် လုပ်ဆောင်မည် ဖြစ်ပါသည်။ ယင်းလုပ်ငန်းစဉ်အတွက် Media monitor များ လိုအပ်လျက်ရှိပါသည်။ MEMO 98 မှ မီဒီယာစောင့်ကြည့်လေ့လာမှု ကျွမ်းကျင်သူက မီဒီယာလေ့လာမှု နည်းပညာများတို့ကို တစ်ပတ်ကြာ သင်တန်းပို့ချပြီး လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု ကာလ ခြောက်လခန့် ကြာမြင့်မည် ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ အောက်ပါ email လိပ်စာသို့ လျှောက်လွှာနှင့် CV တို့ပေးပို့နိုင်ပါသည်။ mid-myanmar@googlegroups.com,
info@midmyanmar.org
ပညာအရည်အချင်း အခြေခံပညာ အထက်တန်း အောင်မြင်ပြီး၊ Microsoft Office အသုံးပြုတတ်ပါက လျှောက်ထားနိုင်ပါသည်။ နောက်ဆုံးလျှောက်ထားနိုင်သည့် နေ့ရက်မှာ သြဂုတ်လ ၂၃ ရက်နေ့ဖြစ်ပါသည်။

No comments:
Post a Comment