ရေး/နတ်မင်းလေး ၊ ဘကြီးစော
ဆို /ဘကြီးစော(Ba Gyi Saw)
မူရင်း/တနေ့စာ အလွဲ များ
V-1 ♫ ♫ ♫ ♫
နော်ဝေ က ဘုရင်ဗျ တိုင်းခန်း လှည့်လည် မဟ
သွားမယ် ဂေါဝိန် ဆိပ်ကမ်းကိုဗျားး
ကျုးကျော်တဲတွေ အများကြီး
မတွေ့ အောင် ရှိသမျှ ဖျက်ဆီး...
ဒီဘက်ကို ကြွပါ မိတ်ဆွေကောင်းကြီးရေ
ဖြို ဖျက်ပစ်ပြီပေါ့…ဆိတ်သရေ အုပ်ဖို့ကြံတော့
ဖွတ်..ထုံးစံအတိုင်းကို ယုတ်ပြီပေါ့...
မြေ..ထိုးမယ် လှန်ပစ်မယ်လုပ်ရင်း
အကုန်လုံး “ဘတ်ဖိုး”...နဲ့သာ ထိုးပြစ်တော့...
CHO-1 ♫ ♫ ♫ ♫
နဲနဲလေးတော့ လွဲနေမယ်...
များများလွဲတော့ မထောင်းသာတယ်
စိတ်အချဉ်ပေါက်ပြီ ဆိုးတာပဲ
မနေတတ်တာ အဆိုးဆုံးဟေးး
နည်းနည်းလေးလည်း ယုတ်ပါတယ်
များများကြီးလည်း....ယုတ်မာတယ်
ယုတ်သမျှထုတ်ပြ ပါးစပ်အဟောင်းသားပဲ
တစ်ထောင့်တစ်ည... နားလိုက်အုံး
♫ ♫ ♫ ♫
♫ ♫ ♫ ♫♫ ♫ ♫ ♫
♫ ♫ ♫ ♫♫ ♫ ♫ ♫♫ ♫ ♫ ♫
V-2 ♫ ♫ ♫ ♫
ကျူးကျော်တဲတွေအစ...ဒီဆင်းရဲမှုများ
အဖြေ တစ်ခုခု တော့ လိုက်ရှာပေါ့
လုပ်နေတာ ဖြစ်နေတာ ဆေးအနာ တခြားစီ
ဘတ်ဖိုးကြီးသာ အားကိုးတော့
ကျူးကျော်တဲတွေထိုး ဘုရား ပုထိုးတွေထိုး
တွေ့မြင်သမျှ လှိမ့် ထိုးနေတော့
ပြေးသူပြေးကာ လမ်းပေါ် လဲတဲ့သူလဲကာ
စိတ်ချောက်ချားလိုက်တာ
ဖွတ်ကျားများရယ် ယုတ်လိုက်ထှာ
CHO-2 ♫ ♫ ♫ ♫
နဲနဲလေးတော့ လွဲနေမယ်...
များများလွဲ တော့ မထောင်းသာတယ်
စိတ်အချဉ်ပေါက်ပြီ ဆိုးတာပဲ
မနေတတ်တာ အဆိုးဆုံးဟေးး
နည်းနည်းလေးလည်း ယုတ်ပါတယ်
များများကြီးလဲ ယုတ်မာတယ်
ယုတ်သမျှထုတ် ပြ ပါးစပ်အဟောင်းသားပဲ
တစ်ထောင့်တစ်ည... နားလိုက်အုံး
No comments:
Post a Comment