Lose-Lose Election
-------------------------- ------
၁၉၉၀ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ကျင်းပမည့် လွတ်လပ်သော ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့မှာ သတ်မှတ်ပြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၀င်ရောက်ယှဉ်ပြိုင်ဘို့ တရားဝင် အတည်ပြု ပြောကြားခဲ့ပြီး လည်း ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က သပိတ်မှောက်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ အယောင်ဆောင် လိမ်ညာမှုတွေနဲ့ ပြည့်နှက်ခဲ့တာကြောင့် ယူနီဖေါင်း ချွတ်ပြီး လုံခြည်လဲဝတ်လာကြတဲ့ စစ်သားများနဲ့ ပါလီမာန်ထဲ ပြည့်နှက်သွားခဲ့ပါတယ်။
အခုလာမယ့် ရွေးကောက်ပွဲကိုလည်း နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူများက ဘယ်လိုများ ပုံဖေါ်လာမလဲ ဆိုတာ စောင့်ကြည့်နေပါတယ်။ ပြည်တွင်းက နိုင်ငံရေးသမားများနှင့် လေ့လာသုံးသပ်သူများက တော့ အားလုံးအတွက် ကျေနပ်ဝမ်းမြောက်မယ့် ရလာဒ်နဲ့ကတော့ အဝေးကြီး ဖြစ်နေလိမ်မယ်လို့ သုံးသပ်နေကြပါပြီ။ အားလုံးက စိုးရိမ်နေမှုက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို အမြင့်ဆုံး ဖေါ်ဆောင်မည့် အစိုးရအဖွဲ့ ပေါ်ပေါက်လာမှာ မဟုတ်တဲ့အပြင် မရေရာ မသေချာ ခန့်မှန်းရခက်တဲ့ အပေးအယူတွေ ဖြစ်လာမှာကို စိုးရိမ်နေကြရတဲ့ အနေအထားပါ။
အဓိက ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါပဲ၊ လူပေါင်း တသိန်းခွဲနီးပါး အသက်ဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်း ကျအပြီး တပါတ်အကြာမှာ လူထုဆန္ဒခံယူပွဲ ကျင်းပကာ မဲဆန္ဒရှင် ၉၄% မဲနဲ့ အတည်ပြုခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သန်းကောင်စာရင်း ကောက်ယူမှုမှာ လူုဦးရေ ၆ သန်း လျော့သွားခဲ့လို့ဒီဖွဲ့စည်း ပုံဟာ လိုအပ်တဲ့ မဲအရေအတွက်ထက် ပိုရနေခဲ့တယ်ဆိုတာ ထင်ရှားသွားရပါတယ်။
ဒီ ဖွဲ့စည်းပုံကို ပြင်နိုင်ရေး ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အဓိက ရည်မှန်းချက် ဖြစ်လာရပါတယ်။ ပါလီမာန်မှာ အရွေးချယ်ခံစရာ မလိုတဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅% ကို အသေအချာ ထည့်ထားခဲ့တာကြောင့်လည်း မကြာသေးခင်က ပါလီမန်အတွင်း တင်ပြခဲ့တဲ့ ပြင်ဆင်ရန် အဆိုပြုမှုတွေ အားလုံးနီးပါး ရှုံးနိမ့်သွားခဲ့ရတာဟာလည်း အံသြစရာ ဖြစ်မလာပါဘူး၊
အခုလာမယ့် ရွေးကောက်ပွဲမှာ NLD အခြေအနေ ကောင်းမှာ ဖြစ်ပြီး ကိုယ်စားလှယ်လောင်းများဟာ စိတ်အားထက်သန် တက်ကြွနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ၈၀% ကျော်ကျော် နေရာတွေမှာ အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် ဒီတကြိမ်မှာတော့ အခက်အခဲ တွေ ရင်ဆိုင်ရဘို့ ရှိနေပါတယ်။ ပြည်ခိုင်ဖြိုးပါတီဟာ ဘဏ္ကာရေးမှာ အလွန်တောင့်တင်းနေတာကြောင့်
လူဦးရေ နည်းနည်းသာ ရှိတဲ့ မဲဆန္ဒနယ်မြေများကို အလွယ်တကူ ငွေနဲ့ပေါက်ပြီး
အနိုင်ယူသွားနိုင်တဲ့ အပြင် မဲလိမ်မယ့် အရေးကလည်း ကြိမ်းသေသလောက်
ရှိနေပါတယ်။ သို့သော်လည်း နိုင်ငံခြားမှာ လေ့လာသူများ ရှိလာမှာ ဖြစ်လို့
၂၀၁၀ ရွေးကောက်ပွဲနဲ့ စာရင်တော့ ပိုပြီး သန့်ရှင်းလိမ့်မယ်လို့တော့
မျှော်လင့်ရပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ အစွန်အဖျား ဒေသများမှာ ရှိတဲ့
တိုင်းရင်းသား လူနည်းစု ပါတီတွေ အခြေအနေ ကောင်းလာနိုင်တာကိုလည်း
ထည့်တွက်ရပါမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် စစ်တပ်ရဲ့ ရွေးချယ်ခံစရာမလိုတဲ့ ၂၅% ကို
ကျော်လွှားနိုင်ဘို့ NLD အနေနဲ့ မဲဆန္ဒနယ်မြေအားလုံးရဲ့ သုံးပုံ နှစ်ပုံကို
နိုင်မှ ဖြစ်ပါလိမ့်မယ်။
အဲ့ဒီလို နိုင်ခဲ့ရင်တောင်မှ လူထု အားလုံး မျှော်လင့်နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှု အောက်မှာ ရှိတဲ့ အစိုးရအဖွဲ့မျိုး ရနိုင်ဘို့ မရေရာ သေးပါဘူး၊ အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်မယ့် သမ္မတကို လွှတ်တော် တခုစီက တဦးစီ နဲ့ စစ်တပ်က တဦး ပေါင်း ၃ ဦး လျာထားပေးရမှာ ဖြစ်ပြီး လွှတ်တော် နှစ်ရပ်ပေါင်းက တဦးရွေးချယ်ပေးရမှာတာမို့ ရှုံးနိမ့်သူ နှစ်ဦးက ဒုတိယ သမ္မတ အဖြစ် ဆောင်ရွက်ရမှာ ဖြစ်နေပါတယ်။ အခုလောလောဆယ်တော့ NLD မှာ လျာထားဘို့ ကိုယ်စားလှယ်လောင်း ရှိပုံမရသေးပါဘူး၊ စစ်တပ်က စိတ်ပြောင်းပြီး ရွေးကောက်ပွဲ အပြီး နဲ့ ဖေဖေါ်ဝါရီ အကြားမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သဘောတူ လိုက်လျောခဲ့မှု မရှိလို့ကတော့ NLD အနေနဲ့ ပါတီ ကိုယ်စားလှယ် မဟုတ်သူ တဦးကို ထောက်ခံရတော့မှာ ဖြစ်ပါတယ်။
စစ်တပ် နဲ့ ၎င်းတို့တည်ထောင်ထားတဲ့ ပါတီဟာ ယခုအချိန်အထိ မည်မျှပင် သြဇာလွှမ်းမိုးထားသည် ဆိုငြားလည်း ဥပဒေပြုလွှတ်တော်တွင် လက်တဆုပ်စာ သာ ရှိသည့် အဆင်သို့ လျောကျနိုင်သည့် အနေအထား နှင့် လူထုက လိုလား နှစ်မြို့မှု မရှိသည့် အချက်ကို ထပ်မံရင်ဆိုင်ရဘွယ်ရှိနေပြန်ပါတယ်။
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဥပဒေမဲ့ ၀င်ရောက်၍ ဗီတိုအာဏာဖြင့်
ပယ်ချခဲ့သည် အဖြစ်က လောလောဆယ်တွင် လူထု၏ ငြို ညင်မှုကို ရရှိနေပါတယ်။
လူနည်းစု တိုင်းရင်းသားများ အလိုရှိနေတဲ့ ဖက်ဒရယ်မူ နဲ့ နိုင်ငံရေးအရ
အဖြေရှာဘို့လိုတဲ့အချက်ကို ဆန့်ကျင်နေတာကလည်း အဆိုပါ တိုင်းရင်းသား
ပါတီများရဲ့ ထောက်ခံမှုကိုလည်း ဆုံးရှုံးနေပြန်ပါတယ်။
မြန်မာပြည်ဟာ ဒီမိုကရေစီ အသိုက်အ၀န်းထဲကို ၀င်ရောက်လာပြီဆိုပြီး အလျင်အမြန် ထောက်ခံခဲ့ကြတဲ့ ပြည်ပနိုင်ငံများအနေနဲ့လည်း
စိတ်ပျက်လာနေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ဟီလာရီ ကလင်တန် နဲ့
အမေရိကန်အစိုးရက သူတို့ကြောင့် ဒီလို ဖြစ်လာခဲ့ရတာပါဆိုပြီး
ကြွားလုံးထုတ်ကာ စီးပွားရေး ဒဏ်ခတ်မှုတွေ လျော့ချပေးခဲ့သူများ ဖြစ်တာကြောင့်
ပိုပြီး အခံရခက်နေပါတယ်။ ဒါ့အပြင် ပြည်တွင်းက အမျိုးသားရေးဝါဒီများဟု
ကိုယ့်ဘာသာ ကင်ပွန်းတပ်လာကြတဲ့ သံဃာအချို့ရဲ့ ဘာသာခြားများ မုန်းတီးရေး
လှုံ့ဆော်လာခဲ့မှုများကို လိုက်လျော့တဲ့ အနေနဲ့ လွှတ်တော်မှာ အင်မတန်
အရုပ်ဆိုး အကျည်းတန်တဲ့ ဥပဒေများကို ပြဌာန်းပေးခဲ့ရတာလည်း နိုင်ငံတကာ
အလယ်မှာ သိက္ခာထပ်ကျခဲ့ရပါတယ်။
အခု ရွေးကောက်ပွဲဟာ စစ်သားဟောင်းများ လွှမ်းမိုးပြီး သူတို့အကျိုးစီးပွားကို ကာကွယ်မယ့် အစိုးရမျိုးသာ ပေါ်ထွန်းလာမယ်ဆိုရင်တော့ ထင်သလို ဖြစ်မလာပဲ အလွန်အကျွံ စိတ်ပျက်လက်ပျက် ဖြစ်လာနေတဲ့ လူထုကြီးနဲ့ ရင်ဆိုင်ရဘွယ် ရှိနေပါတယ်။ သို့သော် အရင်ကလို နိုင်ငံရေး အကျဉ်းသား ထောင်ပေါင်းများစွာကို နှိပ်စက် ဖမ်းဆီးထောင်ချခဲ့တဲ့ အရင် စစ်အစိုးရ လက်ထက်ထက် အနည်းငယ် အသက်ရှုချောင်လာစေမယ့် အစိုးရမျိုး ပေါ်ထွန်းလာဘို့ဆိုတဲ့ မျှော်လင့်ချက်က ရှိနေပါသေးတယ်။
ရည်ညွန်း။ ၊ The Economist July 18th 2015
HSW
Credited to BrainWave ဉာဏ်လှိုင်း
--------------------------
၁၉၉၀ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ကျင်းပမည့် လွတ်လပ်သော ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့မှာ သတ်မှတ်ပြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၀င်ရောက်ယှဉ်ပြိုင်ဘို့ တရားဝင် အတည်ပြု ပြောကြားခဲ့ပြီး လည်း ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က သပိတ်မှောက်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ အယောင်ဆောင် လိမ်ညာမှုတွေနဲ့ ပြည့်နှက်ခဲ့တာကြောင့် ယူနီဖေါင်း ချွတ်ပြီး လုံခြည်လဲဝတ်လာကြတဲ့ စစ်သားများနဲ့ ပါလီမာန်ထဲ ပြည့်နှက်သွားခဲ့ပါတယ်။
အခုလာမယ့် ရွေးကောက်ပွဲကိုလည်း နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူများက ဘယ်လိုများ ပုံဖေါ်လာမလဲ ဆိုတာ စောင့်ကြည့်နေပါတယ်။ ပြည်တွင်းက နိုင်ငံရေးသမားများနှင့် လေ့လာသုံးသပ်သူများက တော့ အားလုံးအတွက် ကျေနပ်ဝမ်းမြောက်မယ့် ရလာဒ်နဲ့ကတော့ အဝေးကြီး ဖြစ်နေလိမ်မယ်လို့ သုံးသပ်နေကြပါပြီ။ အားလုံးက စိုးရိမ်နေမှုက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို အမြင့်ဆုံး ဖေါ်ဆောင်မည့် အစိုးရအဖွဲ့ ပေါ်ပေါက်လာမှာ မဟုတ်တဲ့အပြင် မရေရာ မသေချာ ခန့်မှန်းရခက်တဲ့ အပေးအယူတွေ ဖြစ်လာမှာကို စိုးရိမ်နေကြရတဲ့ အနေအထားပါ။
အဓိက ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါပဲ၊ လူပေါင်း တသိန်းခွဲနီးပါး အသက်ဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်း ကျအပြီး တပါတ်အကြာမှာ လူထုဆန္ဒခံယူပွဲ ကျင်းပကာ မဲဆန္ဒရှင် ၉၄% မဲနဲ့ အတည်ပြုခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သန်းကောင်စာရင်း ကောက်ယူမှုမှာ လူုဦးရေ ၆ သန်း လျော့သွားခဲ့လို့ဒီဖွဲ့စည်း
ဒီ ဖွဲ့စည်းပုံကို ပြင်နိုင်ရေး ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အဓိက ရည်မှန်းချက် ဖြစ်လာရပါတယ်။ ပါလီမာန်မှာ အရွေးချယ်ခံစရာ မလိုတဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅% ကို အသေအချာ ထည့်ထားခဲ့တာကြောင့်လည်း မကြာသေးခင်က ပါလီမန်အတွင်း တင်ပြခဲ့တဲ့ ပြင်ဆင်ရန် အဆိုပြုမှုတွေ အားလုံးနီးပါး ရှုံးနိမ့်သွားခဲ့ရတာဟာလည်း အံသြစရာ ဖြစ်မလာပါဘူး၊
အခုလာမယ့် ရွေးကောက်ပွဲမှာ NLD အခြေအနေ ကောင်းမှာ ဖြစ်ပြီး ကိုယ်စားလှယ်လောင်းများဟာ စိတ်အားထက်သန် တက်ကြွနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ၈၀% ကျော်ကျော် နေရာတွေမှာ အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် ဒီတကြိမ်မှာတော့ အခက်အခဲ တွေ ရင်ဆိုင်ရဘို့ ရှိနေပါတယ်။ ပြည်ခိုင်ဖြိုးပါတီဟာ ဘဏ္ကာရေးမှာ အလွန်တောင့်တင်းနေတာကြောင့်
အဲ့ဒီလို နိုင်ခဲ့ရင်တောင်မှ လူထု အားလုံး မျှော်လင့်နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှု အောက်မှာ ရှိတဲ့ အစိုးရအဖွဲ့မျိုး ရနိုင်ဘို့ မရေရာ သေးပါဘူး၊ အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်မယ့် သမ္မတကို လွှတ်တော် တခုစီက တဦးစီ နဲ့ စစ်တပ်က တဦး ပေါင်း ၃ ဦး လျာထားပေးရမှာ ဖြစ်ပြီး လွှတ်တော် နှစ်ရပ်ပေါင်းက တဦးရွေးချယ်ပေးရမှာတာမို့ ရှုံးနိမ့်သူ နှစ်ဦးက ဒုတိယ သမ္မတ အဖြစ် ဆောင်ရွက်ရမှာ ဖြစ်နေပါတယ်။ အခုလောလောဆယ်တော့ NLD မှာ လျာထားဘို့ ကိုယ်စားလှယ်လောင်း ရှိပုံမရသေးပါဘူး၊ စစ်တပ်က စိတ်ပြောင်းပြီး ရွေးကောက်ပွဲ အပြီး နဲ့ ဖေဖေါ်ဝါရီ အကြားမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သဘောတူ လိုက်လျောခဲ့မှု မရှိလို့ကတော့ NLD အနေနဲ့ ပါတီ ကိုယ်စားလှယ် မဟုတ်သူ တဦးကို ထောက်ခံရတော့မှာ ဖြစ်ပါတယ်။
စစ်တပ် နဲ့ ၎င်းတို့တည်ထောင်ထားတဲ့ ပါတီဟာ ယခုအချိန်အထိ မည်မျှပင် သြဇာလွှမ်းမိုးထားသည် ဆိုငြားလည်း ဥပဒေပြုလွှတ်တော်တွင် လက်တဆုပ်စာ သာ ရှိသည့် အဆင်သို့ လျောကျနိုင်သည့် အနေအထား နှင့် လူထုက လိုလား နှစ်မြို့မှု မရှိသည့် အချက်ကို ထပ်မံရင်ဆိုင်ရဘွယ်ရှိနေပြန
မြန်မာပြည်ဟာ ဒီမိုကရေစီ အသိုက်အ၀န်းထဲကို ၀င်ရောက်လာပြီဆိုပြီး အလျင်အမြန် ထောက်ခံခဲ့ကြတဲ့ ပြည်ပနိုင်ငံများအနေနဲ့လည်း
အခု ရွေးကောက်ပွဲဟာ စစ်သားဟောင်းများ လွှမ်းမိုးပြီး သူတို့အကျိုးစီးပွားကို ကာကွယ်မယ့် အစိုးရမျိုးသာ ပေါ်ထွန်းလာမယ်ဆိုရင်တော့ ထင်သလို ဖြစ်မလာပဲ အလွန်အကျွံ စိတ်ပျက်လက်ပျက် ဖြစ်လာနေတဲ့ လူထုကြီးနဲ့ ရင်ဆိုင်ရဘွယ် ရှိနေပါတယ်။ သို့သော် အရင်ကလို နိုင်ငံရေး အကျဉ်းသား ထောင်ပေါင်းများစွာကို နှိပ်စက် ဖမ်းဆီးထောင်ချခဲ့တဲ့ အရင် စစ်အစိုးရ လက်ထက်ထက် အနည်းငယ် အသက်ရှုချောင်လာစေမယ့် အစိုးရမျိုး ပေါ်ထွန်းလာဘို့ဆိုတဲ့ မျှော်လင့်ချက်က ရှိနေပါသေးတယ်။
ရည်ညွန်း။ ၊ The Economist July 18th 2015
HSW
Credited to BrainWave ဉာဏ်လှိုင်း
No comments:
Post a Comment